သံတောင်ကြီး၊ အောက်တိုဘာ ၁၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ကရင်အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့တို့ပူးပေါင်း၍ Quarantine Centre ဝင်ရောက်သူများအား စိတ်ဓါတ်ရေးရာမြှင့်တင်မှုဆိုင်ရာ အသိပညာပေးဗွီနိုင်းများအား ယမန်နေ့ နေ့လယ်ပိုင်းက သံတောင်မြို့အတွင်းရှိ Quarantine Centre ထားရှိသည့်နေရာများတွင် ကပ်ထားဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါ အကျိုးဆက်ကြောင့် ထိတ်လန့်တုန်လှုပ်ကြောက်ရွံ့ ခြင်း၊ ဝမ်းနည်းခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ ယုံကြည်မှုပျောက်ဆုံးခြင်း စသည့်စိတ်ခံစားမှုများ၊ စိတ်ဖိစီးမှုများလျော့ကျစေရန်နှင့် စိတ်ပိုင်းဆိုင်ရာမြှင့်တက်စေရန်၊ စိတ်ပိုင်းဆိုင်ရာပံ့ပိုးပေးမှုတွေ့ကြုံနေရသည့် အခြေအနေအခက်အခဲများကို ကိုယ်တိုင်ဆုံးဖြတ်ခြင်းဖြင့် ဖြေရှင်းကျော်လွှားနိုင်ရန်အတွက် နှစ်သိမ့်ဆွေးနွေးခြင်းကို လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် Hot Line များ၊ တယ်လီဖုန်းများဖြင့် ဆက်သွယ်နိုင်ရန်အတွက် အသိပညာပေးဗွီနိုင်းများကပ်ထားဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ခင်ထွန်းထံမှ သိရှိရသည်။
အဆိုပါ အသိပညာပေးဗွီနိုင်းများကို မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ခင်ထွန်းနှင့် ဝန်ထမ်းများ၊ သံတောင်ကြီးမြို့နယ် ကရင်အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့တာဝန်ခံ ဒေါ်နော်အယ်ဖေါနှင့်အဖွဲ့ဝင်များကပူးပေါင်း၍ သံတောင်ကြီးမြို့နယ်အတွင်းရှိ Quarantine Centre ထားရှိသည့်နေရာများတွင် လိုက်လံကပ်ထားပြီး အသိပညာပေးလုပ်ငန်းများကို ဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်