တမူးမြို့တွင် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး (Talk Show) ပြုလုပ်

တမူး ဇူလိုင် ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တမူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး(Talk Show) ကို ဇူလိုင်လ(၄)ရက်နေ့ နံနက်(၉) နာရီအချိန်က တမူးခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းထိုက်အောင်က (Talk Show) ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး တမူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဦးသက်ဖြိုးကျော်နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၏လုပ်ငန်းတာဝန်နှင့် ရည်မှန်းချက်များ၊ သဘာဝဘေး အမျိုးအစားများ၊ သဘာဝဘေးကျရောက်ပါက ထောက်ပံ့ပေးနေမှုများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊  သဘာဝ​​ဘေးအန္တရာယ် ကြိုတင်ကာကွယ်​​ရေးနည်းလမ်းများနှင့် အသိပညာ​ပေးလုပ်ငန်းများအား တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး (Talk Show) ဆွေးနွေးပွဲများ ဆောင်ရွက်နေသည့်အပြင် စာပေချစ်သူများနှင့် အပတ်စဥ် စာဖတ်ဝိုင်းများ၊ ဟောပြောပွဲများ၊ ကျောင်းသား/ကျောင်းသူများအား ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများအား လစဥ်ပြုလုပ်ပေးလျက်ရှိကြောင်း သိရှိရသည်။

ရတနာ