ဘောဂလိ အောက်တိုဘာ ၁၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ဒေသနေပြည်သူများအနေဖြင့် မဲစာရင်းတွင် မိမိအမည် ပါ /မပါ သွားရောက်ကြည့်ရှုရမည့် အသိများရရှိစေရန်နှင့် ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးကြစေရန် ရည်ရွယ်၍ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး အကြောင်းအရာများကို ယမန်နေ့နံနက်ပိုင်းက ဘောဂလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်ဘုတ်တွင် ပြသဆောင်ရွက် ထားရှိကြောင်း သိရှိရသည်။
အဆိုပါ အသိပညာပေး နံရံကပ်ပြဘုတ်တွင် မဲဆန္ဒရှင်စာရင်းတွင် သင့်အမည်ပါဝင် ပါသလား၊ ယခုဘဲ သွားရောက်စစ်ဆေးလိုက်ပါ၊ ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးပါ ၊ဆန္ဒမဲမပေးခင် သင်ကူညီဆောင်ရွက် နိုင်သည့် အချက်များ၊ မဲရုံအတွင်း ဘေးကင်းလုံခြုံမှုရှိ စေရန် သင်ကူညီဆောင်ရွက်နိုင်သည့်အချက်များ၊ ကိုဗစ်-၁၉ ကြောင့် သင်၏ဆန္ဒမဲပေးပိုင်ခွင့်ကို မဆုံးရှုံးပါစေနဲ့၊ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များကို လိုက်နာပါ၊ သင်နှင့်သင့်ပတ်ဝန်းကျင်ကို ဘေးကင်းလုံခြုံပါစေ အစရှိသည့် အချက်များ ပါဝင်သော ရွေးကောက်ပွဲ ဆိုင်ရာ အသိပညာပေး အကြောင်းအရာများကို ပြည်သူများ ကြည့်ရှုလေ့လာ နိုင်ရန်အတွက် ပြသထားကြောင်း သိရှိရသည်။
နီလာအေး(ပြန်/ဆက်)