ဆင်ပေါင်ဝဲ ဇူလိုင် ၃
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရပ်ကွက်အတွင်းရှိ အဘိုးအဘွားများကို ယနေ့နံနက် ၈ နာရီအချိန်က အလှူငွေနှင့်ပစ္စည်းများကို အိမ်တိုင်ရာရောက်လိုက်လံ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နီဝှန်ဆုန်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့များက ရပ်ကွက်အတွင်းရှိ အဘိုးအဘွား (၁၀)ဦးအား အလှူငွေကျပ် (၁၅၀၀၀) ကျပ်နှင့်ပစ္စည်းများဖြစ်သော ကြက်ဥ၊ ကွေကာအုပ်များကို အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)