သာယာဝတီ ဇူလိုင် ၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သယာဝတီမြို့နယ် ကျွန်းကုန်းကျေးရွာ ရန်ကုန်-ပြည် လမ်းဘေးမိုင်တိုင်အမှတ် ၈၃/၆ တွင် ယနေ့ နံနက် ၈ နာရီက ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲတော်ကို ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စိုက်ပျိုးမည့်ပျိုးပင်များအား မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်သစ်တောဦးစီးအရာရှိ နှင့် တာဝန်ရှိသူများက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုနှင့် တာဝန်ရှိသူများထံ ပေးအပ်ခဲ့ပြီး မိုးရာသီသစ်ပင်စိုက်ပွဲ တော်သို့တက်ရောက်လာကြသည့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရားအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ရပ်ကွက်နေပြည်သူများ အင်အား ၁၀၀ ဦးခန့်က ကျွန်းပင်(၇၀)၊ ပျဉ်းကတိုး(၄၅)၊ မန်ဂျန်ရှား(၄၅)၊ မယ်ဇလီ(၄၅) မဟော်ဂနီ(၄၅)၊ ပိတောက်(၇၅)၊ လက်ပံ(၂၅)၊ ခရေ(၂၀) စုစုပေါင်းပျိုးပင်(၃၇၀)အား စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
သန့်ဇော်