ဆင်ပေါင်ဝဲ ဇူလိုင် ၃
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ အစားအသောက်ကုန် အညွှန်းအမှတ်အသားများသိရှိစေရန် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိ ဦးကျော်ကိုကိုအောင်က အမှာစကားပြောကြားပြီး မြို့နယ်စားသုံးရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးနိုင်ဦးက ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာနှင့် ဖော်ပြရမည့်သတ်မှတ်ချက်များအားလုပ်ငန်းရှင်များကို အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)