ဟင်္သာတမြို့နယ်တွင် အခွန်လွတ်စျေး ဖွင့်လှစ်ရောင်းချပေးလျက်ရှိ

ဟင်္သာတ ဇူလိုင် ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့၊ လက်သမားရပ်ကွက်၊ ဦးပါရဲကွင်းတွင် ဇူလိုင်လ ၁ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ အခွန်လွတ်ဈေးကို ပြန်လည်ဖွင့်လှစ် ရောင်းချပေးခဲ့သည်။

အဆိုပါ စျေးတွင် အသားငါးမျိုးစုံနှင့် ဒေသထွက်ဟင်းသီးဟင်းရွက်များအား ဟင်္သာတမြို့အနီး ပတ်ဝန်းကျင်ရှိ ဖောက်သည်ပေးရောင်းချသည့် ဆိုင်များ၊ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထုတ်လုပ်သူများမှ လာရောက်ရောင်းချခဲ့ကြပြီး အများပြည်သူများ အနေဖြင့် ဈေးနှုန်းချိုသာစွာဖြင့် နေ့စဥ် နံနက် ၄ နာရီခွဲ အချိန်မှ စတင်ကာ မည်သူမဆို လွတ်လပ်စွာ လာရောက်ဝယ်ယူနိုင်ကြောင်း မြို့နယ်စည်ပင်သာယာရေး အဖွဲ့တာဝန်ရှိသူထံမှ သိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)