နတ်မောက်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီသို့ Surgical Mask၊ 95 Mask၊ PPE ဝတ်စုံနှင့် အလှူငွေများ လာရောက်လှူဒါန်း

နတ်မောက်   အောက်တိုဘာ   ၁၂

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ Surgical Mask ၊95 Mask၊ PPE ဝတ်စုံနှင့် အလှူငွေများလှူဒါန်းခြင်းကို ယမန်နေ့ ညနေ ၄ နာရီ အချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ လှူဒါန်းမှု ပြုခဲ့ ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းခြင်းတွင် မကွေးခရိုင်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးစိုးမင်းထွန်း ကဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့် ဇနီးဒေါ်သွင်သွင်အေးမှီ မိသားစုမှ လှူဒါန်းသည့် ငွေကျပ် ၁၀သိန်းအားလည်းကောင်း၊ မကွေးတိုင်း ဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ တိုင်းညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများမှလှူဒါန်းသည့် Surgical Mask (၁၀၀၀)ခု ၊  95 Mask (၁၀၀)ခု၊    PPE  ဝတ်စုံ (၃၀) စုံနှင့်ငွေကျပ် (၅)သိန်းတို့ကို နတ်မောက်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်း ချုပ်ကုသရေး လုပ်ငန်း များ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် နတ်မောက်မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ် ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ မြို့နယ် အုပ်ချုပ်ရေးမှူးဦးဝင်းမော်နှင့် ကော်မတီဝင်များထံပေးအပ် လှူဒါန်းမှုပြုခဲ့ကြောင်း သိရသည်။

လှဝင်း (နတ်မောက်)