တနင်္သာရီ၌မြို့အဝင်/အထွက်စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် အရှိန်အဟုန် မပျက် စစ်ဆေးမှုများစုပေါင်းဆောင်ရွက်

တနင်္သာရီ-အောက်တိုဘာ ၁၂


တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ် ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုအရ အစည်းအဝေးဆုံးဖြတ်ချက်နှင့်အတူ တနင်္သာရီတံတားထိပ်ရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ စစ်ဆေးရေးဂိတ်၌ မြို့အဝင်/အထွက်ခရီးသွားလာမှုကို ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်အဖြစ် ခရီးသွားပြည်သူများနှင့်မော်တော်ယာဉ်များအား နေ့စဉ် စစ်ဆေးမှုများ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က စစ်ဆေးရေး ဂိတ်ကြီးကြပ်ရေး တာဝန်ခံ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ အလှည့်ကျ တာဝန်ယူရကြောင်း ဦးစီးမှူး ဒေါ်သီသီခိုင်ထံက သိရှိရသည်။
အဆိုပါစစ်ဆေးရေးဂိတ်၌ အလှည့်ကျတာဝန်ကျသည့် စစ်ဆေးရေးဂိတ် ကြီးကြပ်ရေး တာဝန်ခံဌာန ဆိုင်ရာ ဦးစီးမှူးနှင့်အတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်(၂)ဦး၊ကျန်းမာရေးဌာနဝန်ထမ်း(၂)ဦး၊မြို့ နယ်(လဝက) ဝန်ထမ်းတစ်ဦး၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်(၂)ဦး၊ မီးသတ်တပ်ဖွဲ့ဝင်(၂)ဦးနှင့်  ရပ်ကွက် အုပ်ချုပ်ရေးမှူး (၂)ဦးတို့ပါဝင်သော ပူးပေါင်းအဖွဲ့က တိုင်းဒေသကြီးနှင့်မြိတ်ခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ် ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ညွှန်ကြားချက်နှင့်အညီ မဖြစ်မနေအပြင်ထွက်ပါက Mask တပ်ဆင်စေခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ယာဉ်မောင်းများနှင့်ခရီးသွားများတွင် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ခရီးသွား ထောက်ခံချက်ပါ/မပါစစ်ဆေးပြီး ၎င်းတို့၏ အမည်စာရင်းနှင့်ခရီးစဉ်အား မှတ်တမ်းရယူခြင်းများကို အရှိန်အဟုန်မပျက် နေ့စဉ် အလှည့်ကျ ဆောင်ရွက် လျက်ရှိကြရာ ယနေ့ညနေ(၅)နာရီ အထိ ခရီးသွားလာသူဦးရေမှာကျား(၂၈၃)ဦး၊ မ(၈၅)ဦး၊ ပေါင်း(၃၆၈)ဦး၊ မော်တော်ယာဉ်(အကြီး/အငယ်) (၉၈)စီး၊ မော်တော်ဆိုင် ကယ်(၆၉)စီးဖြစ်ကြောင်း ဂိတ်ကြီးကြပ်ရေးတာဝန်ခံထံမှ သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)