လောင်းလုံး အောက်တိုဘာ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကဒက်ကြီးစျေးတွင် ကိုဗစ်−၁၉ကာလ တွင်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီရောင်းချခြင်းရှိ/မရှိစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။
ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင်လောင်းလုံးမြို့နယ်အတွင်းရှိ လူစည်ကားနေရာဖြစ်သောစျေးများ၊ စားသောက် ဆိုင် များတွင်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း(Mask) နှင့်Face Shield တပ်ဆင်ပြီးမှသာစျေးရောင်း/စျေးဝယ်ကြစေရန်၊ စျေးရောင်း/စျေးဝယ်သူများအား တစ်ဦး နှင့်တစ်ဦးသတ်မှတ် အကွာ အဝေးတွင်ရောင်း ချ ဝယ်ယူကြရန်နှင့်ကိုယ်အပူချိန်တိုင်းတာပေးခြင်း ကျန်းမာရေးအသိပညာပေးခြင်း များကို လည်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာ၌ လောင်းလုံးမြို့နယ်၊ စည်ပင်သာယာရေးအမှုဆောင်အရာရှိ ၊ဦးကျော်ဌေး နှင့် ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့်ဌာနဆိုင်ရာ ဝန်ထမ်းများကပူးပေါင်း၍ စျေးရောင်း/စျေးဝယ် သူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များ အပေါ်လိုက်နာ ဆောင်ရွက်မှုမရှိပါ ကအပြစ်ပေးအရေးယူမှုများ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
သိန်းသိန်း(ပြန်/ဆက်)