သရက်မြို့၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေများ လှူဒါန်း

သရက် အောက်တိုဘာ ၁၂

မကွေးတိုင်းဒေသကြီး၊  သရက်မြို့၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများ လှူဒါန်းလျက်ရှိရာ အောင်လံသူ ကားဂိတ်မှ ယာဉ်ပိုင်ရှင်များနှင့် ဦးရှိုးတီမိသားစုတို့မှ အလှူငွေ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ ညနေ(၄)နာရီက သရက်မြို့ပြည်သူ့ဆေးရုံတွင် ကျင်းပခဲ့သည်။

အဆိုပါ လှူဒါန်းပွဲတွင် အောင်လံသူကားဂိတ်မှ ယာဉ်ပိုင်ရှင်များက အလှူငွေကျပ်(၆)သိန်း နှင့်  ဦးရှိုးတီမိသားစုမှ အလှူငွေ ကျပ်တစ်သိန်း၊ စုစုပေါင်းငွေကျပ်(၇)သိန်းကို ပေးအပ်လှူဒါန်းခဲ့ရာ သရက်ခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာ ညွန့်ရွှေအောင်က လက်ခံရယူခဲ့ပြီး မှတ်တမ်းတင် ဂုဏ်ပြုလွှာ များပေးအပ်၍ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။ သရက်ခရိုင် ပြည်သူ့ ဆေးရုံသို့  ကိုဗစ် - ၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန် ကာကွယ်ရေး ပစ္စည်းများ၊ ပရိဘောဂပစ္စည်း များနှင့် အလှူငွေများကို စေတနာရှင်များမှ လာရောက် လှူဒါန်းပေး လျက်ရှိကြောင်း သရက်ခရိုင်ဆေးရုံအုပ်ကြီးထံမှ သိရသည်။    

ဇော်ဝမ်းထွန်း (အောင်လံ)