ကျောက်ထုမြို့အနီး ကျေးရွာ (၄) ရွာတွင် ၂၄ နာရီ လျှပ်စစ်မီးရရှိပြီး ကျန်ကျေးရွာ (၂၀) အား လျှပ်စစ်မီးရရှိရေး ဆက်လက်ဆောင်ရွက်

ကျောက်ထု အောက်တိုဘာ ၁၂

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ကျောက်ထုမြို့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလပ်ငန်းမှ အမျိုးသားလျှပ်စစ် ဓာတ်အား ရရှိရေးစီမံကိန်း (NEP Phase-1) ဖြင့် တောခလွန်ကျေးရွာ၊ မြို့ပေါက်ကျေးရွာ၊ ငါလွန်းကျေးရွာနှင့် ၂၀၁၈ ခုနှစ် မီနီဘတ်ဂျက်ဖြင့် တည်ဆောက်ခဲ့သော ကျောက်မကျေးရွာတို့သည် ယခုအခါ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာအားဖြန့်ဖြူးပေးနိုင်ခဲ့ပြီး လျှပ်စစ်မီးရရှိနေပြီဖြစ် ကြောင်းသိရှိရသည်။

ဆက်လက်၍ လျှပ်စစ်မီးလင်းရေး ဆောင်ရွက်လျှက်ရှိရာ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် ကျောက်ထုမြို့ နှင့်အနီးတစ်ဝိုက်မှာရှိသည့် တေးကျေးရွာ၊ စံကျေးရွာ၊ နသိုးကျေးရွာ၊ သရက်ချဉ် ကျေးရွာ၊ အကြည်ပန်းပလွန်းရွာ၊ အညာပန်းပလွန်းရွာ၊ ရွာသာကျေးရွာ၊ တပြင်းကျေးရွာ၊ ပင်တောင်ကျေးရွာ၊ မိအယ်ရွာ၊ နှော်ကျေးရွာ၊ ကြီးကျေးရွာနှင့် လယ်ဆောကျေးရွာတို့အားလည်းကောင်း၊ အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေး စီမံကိန်း(NEP Phase-1)ဖြင့် ပန်းဆန်ရွာ၊ ကျောက်ပျဉ်းရွာ၊ လေးကျေးရွာ၊ မင်းကြည်ရွာ၊ ပေါက်ခေါင်းရွာ၊ ယောမြို့ရွာနှင့် ချောင်ကူးရွာ များတွင် မဟာဓာတ်အားလိုင်းစနစ်မှ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ဆဲဖြစ်ကြောင်း ကျောက်ထုမြို့ လျှပ်စစ်မှူးရုံးမှ မြို့လျှပ်စစ်မှူး ဦးဗိုင်နော်ရိန်းထံမှ သိရှိရသည်။

အေးလင်း (ကျောက်ထု ပြန်/ဆက်)