ငပုတော ဇွန် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန ငပုတောမြို့နယ်တွင် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမောင်မောင်လွင်နှင့် ဝန်ထမ်းများက (Biometric) ကောက်ယူခြင်းနှင့် (Unique ID) နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကို ယမန်နေ့ ညနေပိုင်းက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဆောင်ရွက်ပေး လျက်ရှိ သည်။
ထို့သို့ ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ငပုတောမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမောင်မောင်လွင်နှင့် ဝန်ထမ်း များက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ဥပဒေနှင့် အညီ အသက်(၁၀)နှင့် အထက် နိုင်ငံသားဖြစ်ခွင့်ရှိသူများအား ဂဏန်း (၁၀)လုံး ပါဝင်သည့် UID ကတ်ပြားများ ပြုလုပ်ပေးနိုင်ရေးအတွက် Biometric အချက်အလက် စီစစ်ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်း လုပ်ငန်း များ ဆောင်ရွက်ပေးနေမှုအား မြို့နယ်စီမံ အုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင် (၂) ဦးသန်းဦး တို့မှ လာရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)