အိမ်မဲမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား (Biometric Data)  ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူခြင်းများ ဆောင်ရွက်

အိမ်မဲ ဇွန် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန အိမ်မဲမြို့နယ်ဦးစီးမှူးရုံးမှ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား (Biometric Data) ဇီဝဆိုင်ရာ အချက်အလက်ကောက်ယူခြင်းလုပ်ငန်းကို ယနေ့တွင် ဆက်လက် ဆောင်ရွက်လျက်ရှိသည်။

ယင်းလုပ်ငန်းများကို လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အိမ်မဲမြို့နယ်ဦးစီးမှူးရုံး မှ မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်ဦးနှင့်ဝန်ထမ်းများက ယနေ့တွင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုများ၏ (Biometric Data) ဇီဝဆိုင်ရာအချက်အလက်များအား ကောက်ယူလျက်ရှိပြီး ယင်းလုပ်ငန်းဆောင်ရွက်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ ကြည့်ရှုအား ပေးခဲ့သည်။

အိမ်မဲမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်နေသည့် နိုင်ငံအတွင်းနေထိုင်သူ အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားတို့၏ (Biographic Data) နှင့် (Biometric Data) များ ကောက်ယူ၍ Database တွင် သိမ်းဆည်းပြီး ဂဏန်း (၁၀) လုံးပါဝင်သည့် Unique ID နံပါတ် များသတ်မှတ်၍ မှတ်ပုံတင်ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့တွင် လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အိမ်မဲမြို့နယ်ရုံးတွင် ဝန်ထမ်းနှင့်ဝန်ထမ်းမိသားစု (၅၄)ဦးတို့၏ အချက်အလက်များ ကောက်ယူ ဆောင်ရွက်နိုင်ခဲ့ပြီး ကျန်ရှိနေသော ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ၏ အချက်အလက်များကို ဆက်လက် ကောက်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်