ပေါက်ခေါင်း ဇွန် ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ စာသင်ကျောင်းများသို့ မီးဘေးလုံခြုံရေးနှင့်မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောခြင်း၊ လက်တွေ့မီးငြှိမ်းသတ်နည်းသရုပ်ပြသခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အ.ထ.က(ပေါက်ခေါင်း)ရှိ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများထံသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောရာတွင် မြို့နယ်မီးသတ်ဦးစီးမှူးဦးမျိုးသူအောင်က မီးလောင်ရခြင်းအကြောင်းအရင်းများ၊ မီးလောင်မှုမဖြစ်ပွားစေရေးအတွက် လျှပ်စစ်မီးနှင့်သက်ဆိုင်သော မီးခလုပ်၊ ပန်ကာ၊ ရေနွေးအိုးစသည့် အသုံးအဆောင်ပစ္စည်းများကို စနစ်တကျသုံးစွဲရန်၊ မီးလောင်မှုဖြစ်ပွားရာတွင် စိတ်လှုပ်ရှားမှုမရှိဘဲ မီးငြှိမ်းသတ်ရန်နှင့် ပတ်ဝန်းကျင်နှင့်မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်အကူအညီတောင်းခံရန်တို့ကို အသိပညာပေးပြောကြားပြီး မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဗူးအသုံးပြုပုံနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း၊ ရေစိုအဝတ်ဖြင့်ဖုံးအုပ်မီးငြှိမ်းသတ်နည်းတို့ကို အဆိုပါကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများသို့ အသိပညာပေး ဟောပြောလက်တွေ့သရုပ်ပြသခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)