ကရသူရိ ဇွန် ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ၂၀၂၃ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၉နာရီက မြို့လျှစ်စစ်မှူးရုံးဝန်းတွင် ကျင်းပခဲ့ ကြောင်းသိရသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မြို့လျှပ်စစ်မှူးရုံးမှကျင်းပ ပြုလုပ်သည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို မြို့အုပ်ချုပ်ရေးမှူး ဦးအေးမျိုးအောင်ဦးစီး၍ မြို့လျှပ်စစ်မှူးရုံးတာဝန်ခံ ဦးမြသိန်းနှင့်အဖွဲ့များ၊ မြို့စည်ပင်သာယာရေးတာဝန်ခံနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်သူ/ရပ်ကွက်သားများ ပူးပေါင်းစိုက်ပျိုးဆောင်ရွက်ခဲ့ရာ အဆိုပါ စိုက်ပျိုးရာ၌ ရင်ကွဲသရက်၊ စိန်တလုံးသရက်၊ မချစ်စုသရက်စသည့် ပျိုးပင်စုစုပေါင်း (၃၀) ပင်ကိုစနစ်တကျ ဝိုင်းဝန်း စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ကရသူရိ