မင်းတုန်း ဇွန် ၂၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမတွင် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များအား Biometric အချက်အလက်များ ကောက်ယူခြင်း ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၂၇ ရက်နေ့အထိ (၄၆၃)ဦး ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် Biometric အချက်အလက် ကောက်ယူပြီးသူများ၏ Biographic Data နှင့် Biometric Data များကို Database တွင်သိမ်းဆည်းကာ ဂဏန်း(၁၀)လုံးပါသည့် Unique ID နံပါတ်ပါ ကတ်ပြားများ ထုတ်ပေးပြီး Biometric အချက်အလက်ကောက်ယူ ခြင်းလုပ်ငန်း ဦးတည်အုပ်စုအလိုက် သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ကောက်ယူနိုင်ရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြီးကြပ်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)