သာယာဝတီမြို့နယ်တွင် ကလေးအလုပ်သမားဆိုင်ရာအသိပညာပေး(Talk Show) ပြုလုပ်

သာယာဝတီ ဇွန် ၂၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် ကလေးအလုပ်သမားဆိုင်ရာအသိပညာပေး(Talk Show)ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်အိအိအောင်က(Talk Show)ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကိုပြောကြားသည်။

‌ယင်းနောက် ကလေးအလုပ်သမားများအကြောင်းအရာများ၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်နှင့်အလုပ်လုပ်ချိန်နှင့်ပတ်သတ်သည့်အကြောင်းအရာများ၊ ကလေးအလုပ်သမားပပျောက်ရေးအတွက် မြန်မာနိုင်ငံတွင် ဆောင်ရွက်စီမံဆောင်ရွက်ထားမှုများ၊ ကလေးအလုပ်သမားများအား အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းများနှင့်ပတ်သတ်သည့်အကြောင်းအရာများ၊ ကလေးအလုပ်သမားပပျောက်ရေးအတွက် တာဝန်ရှိသူများက ဝိုင်းဝန်းကူညီစောင့်ရှောက်ကြဖို့လိုအပ်ပါကြောင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

သာယာဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် (Talk Show)၊ ပြပွဲပြိုင်ပွဲ၊ ဟောပြောပွဲ၊ စာဖတ်ဝိုင်း၊ သင်တန်းများပြုလုပ်ခြင်းဖြင့်  ပြည်သူများအသိပညာများတိုးပွားစေရန်ရည်ရွယ်ချက်ဖြင့် ပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

သန့်ဇော်(ပြန်/ဆက်)