အင်္ဂပူမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား (Biometric Data) ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူခြင်းများ ဆောင်ရွက်

အင်္ဂပူ ဇွန် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးတွင် ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။

အဆိုပါလုပ်ငန်းမျာ ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များက သွားရောက်၍ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ဇီဝဆိုင်ရာ အချက်အလက် (Biometric Data) ကောက်ယူမှု အခြေအနေများအား ကြည့်ရှုအား‌‌ပေးခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်နိုင်က (Biometric Data)ကောင်ယူနေမှု အ‌ခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် နိုင်ငံအတွင်း နေထိုင်သူ အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားတို့၏ (Biographic Data) နှင့် (Biometric Data) များ ကောက်ယူ၍ Database တွင် သိမ်းဆည်းပြီး ဂဏန်း(၁၀) လုံး ပါဝင်သည့် Unique ID နံပါတ်များသတ်မှတ်၍ မှတ်ပုံတင်ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် (၂၇-၆-၂၀၂၃) ရက်နေ့တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစု ၁၂၀ဦးတို့အား အချက်အလက်များ ကောက်ယူ‌ဆောင်ရွက်နိုင်ခဲ့ပြီး ကျန်ရှိ‌နေသေးသည့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသာစုများ၏ အချက်အလက်များကို ဆက်လက် ကောက်ယူဆောင်ရွက်လျက်ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)