လောင်းလုံးမြို့နယ်တွင် မှုခင်းကျဆင်းရေး အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

လောင်းလုံး ဇွန် ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် မှုခင်းကျဆင်းရေး အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲ အချိန်က လောင်းလုံးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗထူးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် လောင်းလုံးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်လွင်က အမှာစကား ပြောကြား၍ မြို့မရဲစခန်းမှ ရဲမှူး ထွန်းလှရှိန်က ကျောင်းသား/သူများအား ယာဥ်စည်းကမ်းလမ်းစည်းကမ်းနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များ၊ ဆိုင်ကယ်မောင်းနှင်ရာတွင် လိုက်နာရမည့် စည်းကမ်းများအကြောင်း၊ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ယာဉ်မောင်းလိုင်စင် ပြုလုပ်ပြီးမှ မောင်းနှင်ခွင့်ရှိကြောင်း၊ ဥပဒေများအကြောင်းကို ကျောင်းသား/သူများ နားလည်စေရန် အကျယ်တဝင့်ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်ဥပဒေအရာရှိ ဦးအောင်မျိုးသန့်က ဥပဒေနှင့် ပတ်သက်၍ ပြစ်မှုပြစ်ဒဏ်များ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ ဒေါ်ခင်ဖြိုးဝေက လူကုန်ကူးမှု တားဆီးကာကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်း၊ ဆွေးနွေးပြောကြားခြင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါ်စန်းဝေက မူးယစ်ဆေးဝါး အန္တရာယ်က တိုင်းပြည်၏ အနာဂတ်ကို ကြီးမားတဲ့ ခြိမ်းခြောက်မှု အန္တရာယ်တစ်ခုဖြစ်တာကြောင့် ကျောင်းသား/သူများ အနေဖြင့် မူးယစ်ဆေးဝါးရဲ့ အန္တရာယ်ကို သိရှိနားလည် ရှောင်ရှားတတ်ရန်၊ မူးယစ်ဆေးသုံးရခြင်း အဓိကအကြောင်းအရင်းများ၊ မူးယစ်ဆေးသုံးစွဲခြင်းကြောင့် ဖြစ်ပွားတတ်သော ရုပ်ပိုင်း/စိတ်ပိုင်း ဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းနှင့် ရောင်းဝယ်ခြင်း ပြုလုပ်ပါက အရေးယူခံရမည့် ဥပဒေ ပြစ်မှု/ပြစ်ဒဏ်များ အကြောင်းကို အကျယ်တဝင့် ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သိန်းသိန်းက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ စသော အကြောင်းအရာများကို အသီးသီး ဆွေးနွေး ဟောပြောကြား၍ တက်ရောက်လာကြာသော ကျောင်းသား/သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်လွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေအဖွဲ့ဝင် (၁) ဗိုလ်မှူးရဲမင်းထွန်း၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သိန်းသိန်း(လောင်းလုံး)