ကျုံပျော်မြို့တွင် တိရစ္ဆာန်အစာပင် နေပီယာမြက်များ စုပေါင်းစိုက်ပျိုး

ကျုံပျော် ဇွန် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက တိရစ္ဆာန် အစာပင် စိုက်ပျိုးခြင်း ရက်သတ္တပတ် အစီအစဉ်အရ တိရစ္ဆာန်အစာပင် နေပီယာမြက် စိုက်ပျိုးခြင်းကို ကျုံပျော်မြို့၊ တေဇရပ်ကွက်ရှိ အဆိုပါရုံးဝင်းအတွင်း၌ ယမန်နေ့က ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ထိုသို့ စိုက်ပျိုးရာတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာထွန်းမင်း ဦးဆောင်သည့် ဝန်ထမ်းများက  မျိုးထိန်း မျိုးဖြန့်ဖြူးရေးစိုက်ခင်း မြေအကျယ် ၀.၀၅ဧကတွင် နေပီယာမြက်များအား နည်းစနစ်တကျ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

တိရစ္ဆာန် အစာပင် နေပီယာမြက်တွင် အသားဓာတ် ပါဝင်မှုများသည့်အတွက် စိုက်ပျိုးကျွေးမွေးခြင်းဖြင့်  တိရစ္ဆာန်များတွင် အဟာရဓာတ်ပြည့်ဝ၍ ဝဖြိုးကျန်းမာခြင်း၊ ကူးစက်ရောဂါ ဖြစ်ပွားမှုကို ကာကွယ် ထိန်းချုပ်နိုင်ခြင်း၊ နို့နှင့် အသားထုတ်ကုန် စွမ်းအားမြင့်မားခြင်း၊ တိရစ္ဆာန်အညစ်အကြေးမှ ဇီဝမြေဩဇာ ရရှိသုံးစွဲနိုင်ခြင်းနှင့် ကုန်ကျစရိတ်သက်သာခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)