လက်ပံတန်းမြို့နယ်၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲကျင်းပ

လက်ပံတန်း ဇွန်  ၂၈

ဒေသခံပြည်သူများအနေဖြင့် သစ်တော၊ သစ်ပင်များ၏ တန်ဖိုးကို အလေးထား သိရှိနားလည် နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန် မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒ အကျိုးများရရှိစေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ ဂွေးတောက်ကွင်း ကျေးရွာအုပ်စု ရန်ကုန်-ပြည်လမ်း မိုင်တိုင် ၉၁/၅ မှ ၉၁/၆ ၌ ယမန်နေ့နံနက် ၈ နာရီက မိုးရာသီ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကို မြို့နယ်သစ်တောဦးစီးဌာနမှ စီစဉ်ကျင်းပခဲ့သည်။

 စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် လက်ပံတန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့် အဖွဲ့ဝင်များ၊  မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်သစ်တောဦးစီးဌာနဝန်ထမ်းများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ Max-Myanmar မှဝန်ထမ်းများ၊ ဒေသခံပြည်သူများ အင်အား ၂၅၀က သတ်မှတ်နေရာအသီးသီးတို့၌ ကျွန်း၊ပိတောက်၊ မဟော်ဂနီ၊ မန်ဂျန်ရှား၊ ပျဉ်းကတိုးနှင့်မဲဇလီ လေးပေအထက် ပျိုးပင်ပေါင်း ၂၅၀ ပင်ကို စနစ်တကျ စုပေါင်းစိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)