တမူးမြို့တွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

တမူး ဇွန် ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူး​မြို့တွင် ဇူလိုင်လ (၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက်( ၉)နာရီအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌  ကျင်းပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ပြိုင်ပွဲတွင် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းအဆင့် ကျောင်းသား/သူ (၄၃) ဦးတို့က "အမျိုးသမီးများ ဘဝမြှင့်တင်ရေး နည်းပညာနှင့် ကူညီပေး" ခေါင်းစဥ်ဖြင့် ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိကြသူများအား ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ရတနာ