ညောင်တုန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလေးများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ

ညောင်တုန်း ဇွန် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ  ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာ ဆေးထိုးစုရပ်များ၌ ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ထပ်‌ဆောင်းကာကွယ်ဆေး ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းဆရာ/ဆရာမများ၊ စေတနာ့ဝန်ထမ်းများပူးပေါင်း၍ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်‌အောက် ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကိုလည်းကောင်း၊ အသက်(၁၂)နှစ်မှ အသက်(၁၈)နှစ်‌ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေးကိုလည်းကောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးလျက် ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်ဆက်)