စေတုတ္တရာ အောက်တိုဘာ ၁၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်အတွင်း ၂၀၂၀ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူး သင်တန်းများ ဖွင့်လှစ်နိုင်ရေး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီ အချိန်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းမြင့်က အဖွင့်အမှာစကား ပြေားကြားခဲ့ပြီးနောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်က မဲရုံမှူး၊ ဒုတိယမဲရုံမှူး သင်တန်းများ ဖွင့်လှစ်နိုင်ရေးနှင့်ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လိုအပ်သည့်အစီအမံများ ကြိုတင်ဆောင်ရွက်ထားနိုင်ရေးတို့ကို အကြံပြု ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်မူယာက မဲရုံမှူး၊ဒုမဲရုံမှူး သင်တန်းများ ဖွင့်လှစ်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ ဖွင့်လှစ်နိုင်ရေးအတွက် နေရာရွေးချယ်ဆောင်ရွက်ရေး၊ သင်တန်းတွင် ဖွင့်လှစ်ပို့ချမည့် သင်တန်းနည်းပြများ ရွေးချယ်နိုင်ရေးနှင့် သင်တန်းဖွင့်လှစ်ဆောင်ရွက်မည့် နေ့ရက်များအား မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များအနေဖြင့် ဝိုင်းဝန်းအကြံပြု ပေးစေလိုကြောင်း ရှင်းလင်း ပြောကြား သည်။
ထို့နောက် တက်ရောက်လာကြသော မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များက လိုအပ်သည်များအား ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စေတုတ္တရာမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် မဲဆန္ဒနယ်အမှတ်(၁)ရှိ သင်တန်းသား (၁၁၄) ဦးအား အောက်တိုဘာလ (၁၉) ရက်နေ့နှင့် မဲဆန္ဒနယ်အမှတ်(၂)ရှိ သင်တန်းသား (၁၂၀)ဦးအား အောက်တိုဘာလ(၂၀)ရက်နေ့များတွင် စေတုတ္တရာမြို့ အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) တို့၌ နည်းပြဆရာ (၄)ဦးဖြင့် မဲရုံမှူး၊ ဒုမဲရုံမှူး သင်တန်းကို(၂)ရက်ကြာဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။
စည်သူလွင်(ပြန်/ဆက်)