ညောင်တုန်း ဇွန် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကျောင်းကျန်းမာရေး ပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးဦးဇော်ခိုင်က ကျောင်းကျန်းမာရေ ရည်မှန်းချက်၊ မှန်ကန်သော အစာအုပ်စုများကို ရွေးချယ်စားသောက်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများနှင့် စားသုံးရန်မသင့်သော အစားအစာများ စသည့်ကျန်းမာရေးအသိပညာပေး အကြောင်းအရာများကို လည်းကောင်း၊ ကျန်းမာရေးမှူး ဦးဘုန်းမြင့်ကျော်က သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများ၊ ခြင်ကျားလောက်လန်းပေါက်ပွားသည့် နေရာများ၊ ကျောင်းများတွင် ဆောင်ရွက်ရမည့်လုပ်ငန်းများစသည့် သွေးလွန်တုပ်ကွေးရောဂါနှင့် ပတ်သက်သည့် ကြိုတင်ကာကွယ်ရေး အကြောင်းအရာများကိုလည်းကောင်း ဟောပြောဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေး စစ်ဆေးခြင်း ဆောင်ရွက်နေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
ထက်ဝေဖြိုး(ပြန်ဆက်)