ကသာ အောက်တိုဘာ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦးနှင့် အဖွဲ့သည် ကသာခရိုင်၊ ကသာမြို့နယ်၊ ပင်းမလွတ်ကျေးရွာရှိ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းလုပ်ငန်း ဆောင်ရွက် ထားရှိမှုအခြေအနေများအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်း ကြည့်ရှုအား ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦးက ပင်းမလွတ်ကျေးရွာရှိ SMU အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော SMU လုပ်ငန်းများ ဆောင်ရွက် ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး SMU ကျေးရွာရှိ သီးနှံစိုက်ခင်းများတွင် မျိုးကောင်း မျိုးသန့်များ သုံးစွဲစိုက်ပျိုးရန်၊ ဈေးကွက်ဝင်အမည်သစ်သီးနှံများ တိုးချဲ့စိုက်ပျိုးရန်နှင့် SMU အဖွဲ့အ နေဖြင့် ဝင်ငွေတိုးတက်ရရှိစေမည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသထွက်သီးနှံများအား အဆင့်မြင့် တန်ဖိုးမြင့် ထုတ်ကုန်များအဖြစ် ထုတ်လုပ်ရောင်းချကြရန် စသည့်အချက်များကို လမ်းညွှန်မှာကြားခဲ့ ကြောင်း သိရသည်။
ထို့နောက် ကသာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မြတ်မိုးက SMU ကျေးရွာရှိ လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှာကြား ချက်များနှင့် စပ်လျဉ်း၍ ဖြည့်စွက်ပြောကြားခဲ့ကြောင်း၊ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဖုန်းမောင်နှင့် စိုက်ပျိုးရေးပညာပေးဝန်ထမ်းများ လိုက်ပါဆောင်ရွက် ခဲ့ကြောင်း ကသာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ရဲအောင်(ကသာ)