မြိတ် ဇွန် ၂၇
၂၀၂၃–၂၀၂၄ ပညာသင်နှစ် မြိတ်တက္ကသိုလ်တွင် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ် စစ်တုရင်အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးအတွက် ဘာသာရပ်ပေါင်းစုံ အမျိုးသား အမျိုးသမီးစစ်တုရင် အားကစားပြိုင်ပွဲကို ယနေ့ နံနက်(၁၀)နာရီက စတင်ကျင်းပသည်။
စစ်တုရင်အးကစားပြိုင်ပွဲကို မြိတ်တက္ကသိုလ် အားကစားနှင့်ကာယပညာကော်မတီ နာယက၊ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းက အဖွင့်အမှာစကား ပြောကြား၍ ပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။ ထို့နောက် အားကစားသမားများ သစ္စာအဓိဋ္ဌာန် ရွတ်ဆိုခဲ့ကြပြီး ပြိုင်ပွဲများ စတင်ကျင်းပသည်။
ပြိုင်ပွဲ စတင်ကျင်းပရာတွင် ပါမောက္ခချုပ်က ပြိုင်ပွဲစထွက်အကွက်ရွေ့၍ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ပြီး ပြိုင်ပွဲယှဉ်ပြိုင်နေမှု ဆရာ/မများနှင့် ကျောင်းသား/သူများဖြင့် ကြည့်ရှုအားပေးခဲ့ကြသည်။ အဆိုပါ ပြိုင်ပွဲကို ဘာသာရပ်(၁၀)ခုမှ ပြိုင်ပွဲဝင် အားကစားသမား အမျိုးသား(၁၈)ဦး အမျိုးသမီး(၈)ဦး စုစုပေါင်း(၂၆)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲကို ဇွန်လ (၂၇)ရက်မှ(၂၈)ရက်ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)