ရေဖြူမြို့၊ အခြေခံပညာကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေး

ရေဖြူ   ဇွန်  ၂၇

ရေဖြူမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ အသက်(၅)နှစ်နှင့်အထက်ကျာင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး(Sinopharm) ထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အထက(ရေဖြူ)တွင်စုရပ်ထားပြီး စတင်ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇင်လင်းနိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်ကလေးအဖွဲ့များက ကျောင်းသား၊ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုအခြေအနေများကို လိုက်လံကြည့်ရှုခဲ့ကြပြီး အားပေးစကားများ ပြောကြားခဲ့ကြသည်။

ကျောင်းသား ကျောင်းသူများအားကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ မိဘအုပ်ထိန်းသူခွင့်ပြုချက်ရယူခြင်း၊ စာရင်းရေးသွင်းခြင်း၊ အပူချိန်တိုင်းတာပေးခြင်းနှင့် သွေးပေါင်ချိန်တိုင်းတာခြင်းပြုလုပ်ပြီးမှ စနစ်တကျထိုးနှံပေးကြောင်း သိရသည်။

ခတ္တာ