ချောင်းသာမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ချောင်းသာ ဇွန် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်း များက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့ညနေ ၃ နာရီက (အ.ထ.က) ချောင်းသာရှေ့၌ ကျောင်းသား/သူများအား အခမဲ့ဖြန့်ဝေခဲ့သည်။

အဆိုပါ ဖြန့်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးအန္တရာယ် အမျိုးသားရေး အသွင်တိုက်ဖျက်ရေးဆောင်းပါးများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်များ၊ မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်း၊ မူးယစ်ဆေးဝါးတို့ရှောင်ရှားကဗျာများ၊ အမျိုးသားမူးယစ်ဆေးတိုက်ဖျက်ရေးမူဝါဒ၊ ကျောင်းသားလူငယ်များသိရှိလိုက်နာသင့်သည့်အချက်များ၊ ကဗျာ၊ ကာတွန်းနှင့်ဆောင်ပုဒ် စသည့်အကြောင်းအရာများ ကဏ္ဍစုံလင်စွာပါဝင်ကြောင်းသိရသည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက နိုင်ငံတော်၏ အထိမ်းအမှတ်နေ့ထူးနေ့မြတ်များတွင် လက်ကမ်းစာစောင်များထုတ်ဝေပြီး ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများအသိပညာဗဟုသုတရရှိစေရန် ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျော်ကျော် (ပြန်/ဆက်)