သနပ်ပင်မြို့နယ်၌ တိရစ္ဆာန်အစာ နေဗီယာမြက်စိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပ

သနပ်ပင် ဇွန် ၂၇

၂၀၂၃ ခုနှစ် မိုးရာသီတိရစ္ဆာန်အစာစိုက်ပျိုးခြင်း ရက်သတ္တပတ်အစီအစဉ်အရ နေဗီယာမြက်စိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက  ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ဖရဲကျေးရွာရှိ တောင်သူဦးရဲထွန်း လယ်ယာမြေတစ်ဧက၌ ကျင်းပသည်။

ထိုသို့စိုက်ပျိုးခြင်းသရုပ်ပြရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်လင်းထက်နှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအေးအေးအောင်နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်တာဝန်ရှိသူများနှင့်ပြည်သူများ ပါဝင်စိုက်ပျိုး‌ပေးခဲ့သည်။

အဆိုပါ တိရစ္ဆာန်အစာနေဗီယာမြက်ကို နွေရာသီအစာရှားပါးသည့်အချိန်တွင် ကျွဲ၊ နွား၊ တိရစ္ဆာန်များ အစာအာဟာရလုံလောက်စေရန်ရန် လွှတ်ကျောင်းစရာမလိုပဲ ခြံလှောင်မွေးမြူပြီး ရိတ်ကျွေးနိုင်သောစနစ်ကို ပြောင်းလဲကျင့်သုံးနိုင်စေရန် ပိုလျှံသောမြက်များကို အစာချဉ်ဖတ်ပြုလုပ်၍ အစာရှားပါချိန်တွင် ကျေးမွေးနိုင်စေရန် မွေးမြူသူတောင်သူများအနေဖြင့် အောင်မြင်သောမွေးမြူရေးလုပ်ငန်းဖြစ်ထွန်းစေရန်ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးဌာနမှ သိရသည်။

လှမိုး(ပြန်/ဆက်)