သာယာဝတီ ဇွန် ၂၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် အသက်(၅)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား (ဒုတိယ)အကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက အ.မ.က(မူလွန်)ရွာကြီးကုန်းနှင့်ရေဝေရပ်ကွက် အခြေခံပညာကျောင်းများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို မြို့နယ်အတွင်းရှိအခြေခံပညာကျောင်း(၁၉၃)ကျောင်းတွင် ကျောင်းများအလိုက် စတင်ထိုးနှံပေးလျက်ရှိရာ ဒုတိယအကြိမ် ကျောင်းသား/ကျောင်းသူ(၇၈၃၄)ဦးတို့အားထိုးနှံပေးခဲ့ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ပညာရေးဌာနမှတာဝန်ရှိသူများကလည်း ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ကျောင်းသား/သူလေးများအား ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ အတန်းအလိုက် စနစ်တကျ စာရင်းရေးသွင်းခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးပြီးနောက် မိနစ်(၃၀)ခန့် အနားယူစေခြင်းတို့ဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးလျက်ပြီး ကျောင်းသား/ကျောင်းသူများအားလုံးကို သတ်မှတ်ထားသည့်ရက်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)