အုတ်တွင်း ဇွန် ၂၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ပေါက်တောကျေးရွာအုပ်စု ရေသိုးဆည်အနီးတွင် ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ အုတ်တွင်းတပ်နယ်မှ တပ်နယ်မှူးဗိုလ်မှူးချုပ်ရဲကျော်ကျော်နှင့် တပ်ရင်းတပ်ဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများတက်ရောက်ကြပြီး တပ်နယ်မှူးဗိုလ်မှူးချုပ် ရဲကျော်ကျော်၊ ခရိုင်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က ပျိုးပင်များပေးအပ်ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အသင်းအဖွဲ့များက ပျိုးပင်များလက်ခံရယူကြသည်။
ဆက်လက်၍ ကျွန်းပျိုးပင်(၁၀၀)၊ ပျဉ်းကတိုးပျိုးပင်(၁၀၀)၊ ပျဥ်းမပျိုးပင်(၁၀၀)၊ မန်ဂျန်ရှားပျိုးပင်(၁၀၀)၊ ယမနေပျိုးပင်(၁၀၀)စုစုပေါင်း ပျိုးပင်(၆၀၀)ပင်ကို တပ်နယ်မှူးဗိုလ်မှူးချုပ်ရဲကျော်ကျော်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့်သစ်တောဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများစိုက်ပျိုးခဲ့ကြပြီး အင်အား(၁၅၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
အေမင်းရည်စော(ပြန်/ဆက်)