ဟုမ္မလင်း ဇွန်၂၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဟုမ္မလင်းခရိုင်ငါးလုပ်ငန်းဥိးစီးဌာန၊ ဟုမ္မလင်းငါးလုပ်ငန်းစခန်းမှ (၂)လက်မအရွယ် ငါးသားပေါက်များကို ငါးကန်များသို့ ပေးအပ်ခြင်း အခမ်းအနားကို ဇွန် (၂၆) ရက်နေ့၊ နံနက် (၁၁) နာရီအချိန်က ဟုမ္မလင်းမြို့နယ်၊ ကွန်း တောင်းကျေးရွာအုပ်စု၊ အောင်သာငြိမ်းကျေးရွာ ငါးလုပ်စခန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး၊ ငါလုပ်းငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး ဒေါက်တာစုမျိုးသွယ်က ဟုမ္မလင်းငါးသားပေါက်စခန်း တည်ဆောက်ရခြင်းရည်ရွယ်ချက်နှင့် ငါးသားပေါက်များပေး အပ်ရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အခမ်းအနားတွင် ငါးမွေးမြူရေးလုပ်ငန်းရှင် (၂၄) ဦးတို့၏ မြေဧရိယာ (၅၈ဒသမ၈၅) ဧကအတွက်စုစုပေါင်း (၂) လက်မအရွယ် ငါးသားပေါက်ကောင်ရေ (၁၀၂၇၀၀)ကောင်အား တာဝန်ရှိသူများကပေးအပ်ခဲ့ရာ ငါးမွေးမြူရေးလုပ်ငန်းရှင်များက အသီးသီးလက်ခံရယူခဲ့ကြကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ ဟုမ္မလင်းလေတပ်စခန်းဌာနချုပ် တပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းထွန်းဦး၊ ရှေ့တန်းအမှတ်(၃) စစ်ဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး သန်းဇော်ထွေး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသိန်းဇော် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ငါးမွေးမြူရေးလုပ်ငန်းရှင်းများ စုစုပေါင်းအင်အား (၈၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဟုမ္မလင်း (ပြန်/ဆက်)