ဘုတ်ပြင်း ဇွန် ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး(Talk Show) ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဒေါ်ခင်စန္ဒာဦးက မူးယစ်ဆေးဝါး အန္တရာယ်နှင့် ပတ်သက်၍ ပြည်သူများ အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် Online မှတဆင့် အသိပညာပေး ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များ ပြောကြားသည်။
ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြူဖြူသိန်း၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်ခင်စန္ဒာဦးတို့က မူးယစ်ဆေးဝါး၏ အဓိပ္ပါယ်၊ မူးယစ်ဆေးဝါး သုံးစွဲရခြင်း အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ လူငယ်များ ၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် မူးယစ်ဆေးဝါး အန္တရာယ်နှင့် ပတ်သက်၍ သိရှိလိုက်နာသင့်သည့် အချက်များ၊ ဆောင်ရန် ရှောင်ရန်များ၊ မူးယစ်ဆေးဝါး ပြဿနာသည် လူသားမျိုးနွယ် တစ်ရပ်လုံးကို ပျက်သုဉ်းအောင် ဆောင်ရွက်နိုင်သည့်အတွက် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နေသည့် အကြောင်းအရာ များအား အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)