ဖျာပုံ ဇွန် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် အတွင်းရှိ မြို့နယ်များအလိုက် ဒေသထုတ်ကုန်များ (MSMEs)ကုန်စည်ပြပွဲနှင့် မိုးရာသီအထူးစျေးရောင်းပွဲတော်သို့ မြို့ပေါ် အ.ထ.ကကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ယနေ့နံနက်(၉)နာရီအချိန်က အဆိုပါစျေးရောင်းပွဲတော်ကျင်းပရာ သီရိအဏ္ဏဝါခန်းမသို့ လာရောက်လေ့လာကြသည်။
အဆိုပါ ဖျာပုံခရိုင်ဒေသတွင်း (MSMEs) ထုတ်ကုန်များ ကုန်စည်ပြပွဲနှင့် မိုးရာသီ အထူးစျေးရောင်းပွဲတော်ကို ဖျာပုံခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ခရိုင်အတွင်းရှိ အသေးစား၊ အငယ်စာ၊ အလတ်စား ဒေသတွင်း(MSMEs) ထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ခရိုင်အတွင်းရှိ (ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ဘိုကလေ) မြို့နယ်များရှိ(MSMEs) ထုတ်ကုန်များ၊ ဖျာပုံခရိုင်ငါးလုပ်ငန်းဦးစီးဌာန၏ ရေထွက်ကုန်ပစ္စည်းများနှင့် အသိပညာပေးပြခန်း၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၏ (MSMEs)ထုတ်ကုန်ပြခန်း၊ ခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၏ (MSMEs)ထုတ်ကုန်များပြခန်း၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ၏ သစ်သီးဝလံ၊ ပန်းမန်နှင့်စိုက်ပျိုးရေးထုတ်ကုန်များ အသိပညာပေးပြခန်း၊ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ မွေးမြူရေး ထုတ်ကုန်များ အသိပညာပေးပြခန်းနှင့် ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာန၏ တိုင်းရင်းဆေးထုတ်ကုန်များနှင့် အသိပညာပေးပြခန်း ပြသထားမှုတို့အား မြို့ပေါ် အ.ထ.ကကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ လာရောက် ကြည့်ရှုလေ့လာကြသည်။ အဆိုပါခရိုင်ဒေသတွင်း (MSMEs) ထုတ်ကုန်းများ ကုန်စည်ပြပွဲနှင့် စျေးရောင်းပွဲတော်ကို နေ့ရက်အလိုက် ဖျော်ဖြေရေးအစီအစဥ်များဖြင့် နေ့၊ ည မပျက်ဖျော်ဖြေ တင်ဆက်ကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်
ဖျာပုံခရိုင် (ပြန်/ဆက်)