သရက်မြို့၌ ခရိုင်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အစည်းအဝေးကျင်းပ

သရက် အောက်တိုဘာ ၁၁

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ခရိုင်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အစည်းအဝေးကို ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၁၁ နာရီက  ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးလတ်က သရက်မြို့အဝင်ဂိတ် တွင် RDT Test Kitd ဖြင့် စစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိရာ ယမန်နေ့က အဝေးပြေးယာဉ်မောင်း တစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသဖြင့် သရက်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ပြုလုပ်ပေးထားကြောင်း၊ အောင်လံမြို့တွင် လည်း ယနေ့အထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာ(၁၆) ဦးရှိသဖြင့် သရက်နှင့် အောင်လံ အသွားအလာ ကန့်သတ်ခြင်းကို အောက်တိုဘာ(၁၁)ရက်နေ့မှ စတင်၍ အောက်တိုဘာ (၂၄)ရက်နေ့အထိ ကန့်သတ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ မြို့မဈေးကြီးအား နေ့လယ်(၁၂) နာရီအထိ၊ ယာယီပျံကျဈေးနှင့် အေးခဲအသား ရောင်းချခြင်းတို့ကို နံနက်()နာရီအထိသာ ဖွင့်လှစ် ရောင်းချ သွားစေရန်တို့ကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ခရိုင်ဆရာဝန်ကြီး ဒေါက်တာညွန့်ရွှေအောင်က သရက်မြို့ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ၍ တက်ရောက်ကုသနေသော အမျိုးသားတစ်ဦးဆေးရုံမှ ဆင်းခွင့်ရပြီး အမျိုးသားတစ်ဦး နှင့် အမျိုးသမီး()ဦးတို့ကို ကျန်းမာရေးကုသစောင့်ရှောက်မှု ပေးလျက်ရှိကြောင်း၊ သရက်မြို့ အဝင်ဂိတ်တွင် ရောဂါစစ်ဆေးရေး အဖွဲ့ထားရှိ၍ နေ့စဉ်စစ်ဆေးလျက်ရှိကြောင်း ဆွေးနွေးတင်ပြခဲ့ပြီး မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် စည်ပင်အမှုဆောင်အရာရှိတို့က ပဲ့ထောင်လိုင်း၊ ဇက်ရေ ယာဉ်ပြေးဆွဲမှုနှင့် ဈေးများဖွင့်လှစ် ရောင်းချမှုတို့တွင် ဆောင်ရွက်မည့်အစီအစဉ်၊ အခြေအနေများကို ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

ဇော်ဝမ်းထွန်း(အောင်လံ)