ဒေးဒရဲ ဇွန် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စားသုံးသူရေးရာဦးစီး ဌာနတို့ ပူးပေါင်း၍ ပြည်သူများ အခြေခံစားသောက်ကုန်ပစ္စည်းများအား စျေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ကျန်းမာရေး နှင့် ညီညွှတ်၍ သန့်ရှင်း လတ်ဆတ်သော အမဲသားများကို ယနေ့ နံနက် (၈)နာရီက ပြည်တော်သာလမ်းရှိ မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရောင်းချပေးနေမှုအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝဏ္ဏထွန်း နှင့် တာဝန်ရှိသူများက ပြည်သူများအား အမဲသားတစ်ပိဿာ လျှင် (၁၁၀၀၀) ကျပ်နှုန်းဖြင့် အချိန် ပိဿာ (၂၀)အား ပြင်ပပေါက်စျေးထက် (၂၀၀၀) ကျပ်နှုန်း စျေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ပြည်သူများ အခြေခံစားသောက်ကုန်များကို သင့်တော်သောနှုန်းထားဖြင့် စျေးနှုန်းချိုသာစွာ ဝယ်ယူသုံးစွဲနိုင်ရေး အတွက် သက်ဆိုင်ရာဌာန များဖြင့် ပူးပေါင်း၍ ဆန်၊ ဆီ၊ ကြက်ဥ၊ ဘဲဥနှင့် အသား၊ ငါးစသည်တို့ကို အပတ်စဥ် ရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။
အေဇာလင်း