ပဲခူးခရိုင်ရုံး မြေစိုက်ဘုတ်တွင် ကိုဗစ်−၁၉ ဆိုင်ရာအသိပညာပေးရုပ်ပုံများပြသ

ပဲခူး  အောက်တိုဘာ  ၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန    မြေစိုက်ဘုတ်တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်တားဆီးနိုင်ရေးအတွက် ရောဂါဖြစ်ပွားမှုနှင့်     ပတ်သက် သည့် အသိပညာပေးလုပ်ငန်းများကို မိဘပြည်သူများသိရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ရုံးရှေ့မြေစိုက်ဘုတ်တွင် ကပ်ထားပြသလျက်ရှိကြောင်းသိရသည်။

အဆိုပါမြေစိုက်နံရံကပ်စာစောင်တွင် “မီဒီယာနှင့်သတင်းအချက်အလက်များသိရှိ    နားလည်မှု ရှိသော မိဘအုပ်ထိန်းမှု အတတ်ပညာနှင့် ကျန်းမာရေးဆိုင်ရာနည်းလမ်းများ ၊       ကိုဗစ်−၁၉ ရောဂါ ဆိုင်ရာ  အချက်အလက်နှင့် ထင်မြင်ယူဆချက် များ၊လူမှု မီဒီယာပေါ်တွင်ဘေးကင်း လုံခြုံမှုအကြောင်း ဆွေးနွေးရာတွင်ဆောင်ရန်၊ရှောင်ရန်အချက်များ ၊ သတင်းခွဲခြမ်းစိတ်ဖြာမှုနှင့် ထင်မြင်ယူဆချက်များ စသည့်အကြောင်းအရာများပါဝင်သော UNESCO မှပေးပို့လာသော ကိုဗစ်−၁၉ ကူးစက်ဖြစ်ပွားမှုများနှင့် ပတ်သက်သည့် အသိပညာပေးရုပ်ပုံ (၁၈)ပုံကို ပြည်သူများ သိရှိလေ့လာနိုင်ပြီး လိုက်နာဆောင်ရွက်ရန် စေရန်ပြသဆောင်ရွက်ထားရှိကြောင်းသိရသည်။

သဲစုအောင် (ပြန်/ဆက်)