သာပေါင်းမြို့နယ်၊ ငါးဘတ်ချောင်းကျေးရွာအုပ်စုမှ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးရေးလုပ်ငန်း (မျိုးစေ့ထုတ်)ချေးငွေရယူ စိုက်ပျိုးဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေး

သာပေါင်း ဇွန် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ငါးဘတ်ချောင်းကျေးရွာအုပ်စုမှ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးရေးလုပ်ငန်း (မျိုးစေ့ထုတ်) ချေးငွေ ရယူစိုက်ပျိုးဆောင်ရွက်ထားရှိမှုအား ယနေ့ ဇွန်လ ၂၅ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က ခရိုင်/မြို့နယ် နိုင်ငံစီးပွား မြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီဝင်များမှ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့သို ကြည့်ရှုစစ်ဆေးကြရာတွင် ပုသိမ်ခရိုင် စိုက်တိုးမြင့်ကော်မတီ အတွင်းရေးမှူး၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူးဦးဝင်းစိုး၊ ခရိုင်မြေစာရင်းဦးစီးမှူး ဦးနေဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်တိုးမြင့်ကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အဖွဲ့ဝင်(၂)ဦးကျော်တိုး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးမြင့်လွင်၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးဟိန်းမြတ်သူ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်တို့က ငါးဘတ်ချောင်းကျေးရွာအုပ်စုရှိ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးလုပ်ငန်း (မျိုးစေ့ထုတ်) ချေးငွေရယူထားသည့် ကွင်းအမှတ်(၈၁၅)၊ ဦးပိုင်အမှတ်(၃၆/၄)၊ တောင်သူဦးကံဌေး(၃.၁၈)ဧက၊ ကွင်းအမှတ်(၈၁၁)၊ ဦးပိုင်အမှတ်(၁၃)၊ တောင်သူဦးမျိုးသန့်(၃)ဧက၊ ဆင်းသုခမျိုးစပါးများ (၁၉-၆-၂၀၂၃) ရက်နေ့တွင် ဘောင်စနစ်ဖြင့် ပျိုးထောင်ပြီး၊ (၂၀-၆-၂၀၂၃)ရက်နေ့တွင် (၆” လက်မ x ၆” လက်မ) တန်းကြားစနစ်ဖြင့် စိုက်ပျိုးဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း

သာပေါင်း ပြန်/ဆက်