သာပေါင်းမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်၍ ကျုံဒဒွန်းကျေးရွာအုပ်စုတွင် နေအိမ်(၂)လုံးပြိုကျပျက်စီး

သာပေါင်း ဇွန် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ကျုံဒဒွန်းကျေးရွာအုပ်စုတွင် ဇွန်လ ၂၄ ရက်နေ့၊ မွန်းလွဲ ၂ နာရီခွဲအချိန်က မိုးသက်လေပြင်း တိုက်ခတ်မှု ကြောင့် နေအိမ်(၂)လုံး ပြိုကျပျက်စီး ဆုံးရှုံးမှုဖြစ်ပွားခဲ့သည်။

ထိုသို့ မိုးသက်လေပြင်းတိုက်ခတ်မှု‌ကြောင့် ကျုံဒဒွန်းကျေးရွာအုပ်စု၊ ကျုံဒဒွန်းကျေးရွာတွင် နေထိုင်သူ ဦးနေမင်းထွန်းနှင့် အတူနေ မိသားစု အမျိုးသား(၁)ဦး၊ အမျိုးသမီး(၆)ဦး ပေါင်း(၇)ဦးတို့၏ (ဓနိမိုး၊ ဓနိကာ၊ ဝါးကြမ်းခင်း) (၁၀’ ပေ×၁၈’ ပေ×၁၂’ ပေ) နေအိမ်၊ ကျုံဒဒွန်း ကျေးရွာအုပ်စု၊ သုဗိန္နကျေးရွာတွင် နေထိုင်သူ ဦးထက်သူအောင်နှင့် အတူနေမိသားစု အမျိုးသား(၁)ဦး၊ အမျိုးသမီး(၂)ဦး ပေါင်း(၃)ဦးတို့၏ (သွပ်မိုး၊ ဓနိကာ၊ ဝါးကြမ်းခင်း)(၁၀’ ပေ×၁၈’ ပေ×၁၂’ ပေ)နေအိမ်တို့ ပြိုကျပျက်စီးဆုံးရှုံးခဲ့ရသဖြင့် ယာယီပြောင်းရွှေ့ နေထိုင် ရေး သက်ဆိုင်ရာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်တို့က ပူးပေါင်းကူညီ စီစဉ်ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်