သာပေါင်း ဇွန် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးရာသီတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတတ်စေရန်အတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ငါးဘတ်ချောင်းကျေးရွာအုပ်စု၊ လယ်တီကြီးကျေးရွာရှိ လယ်မြေများပေါ်တွင် ဆောင်ရွက်ခဲ့ကြသည်။
အခမ်းအနားတွင် ပုသိမ်ခရိုင် စိုက်တိုးမြင့်ကော်မတီအတွင်းရေးမှူး၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းစိုးမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်တိုးမြင့်ကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ စိုက်ပျိုးမှုအခြေအနေများအား တင်ပြခဲ့ကြသည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဦးမျိုးမြင့်လွင်မှ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္ တိတိုးလာခြင်း၊ သွင်းအားစု ဓာတ်မြေဩဇာ လျှော့ချသုံးစွဲနိုင်ခြင်း၊ သီးနှံအရည်အသွေး တိုးတက်ကောင်းမွန်လာခြင်းစသည့် ရရှိနိုင်သော အကျိုးကျေးဇူးများ၊ မေလဆန်းဝန်းကျင်တွင် တစ်ဧက(၄)ပြည်နှုန်း ကြဲပက်စိုက်ပျိုးရန်၊ အစိုဓာတ်လိုအပ်ပါက ရေခပ်ပါးပါး တစ်ကြိမ်သွင်းပါ၊ စိုက်ပြီး (၄၅)ရက်သား အချိန်သည် အပင်အတွက်အဓိက အာဟာရဓာတ်များဖြစ်သော နိုက်ထရိုဂျင် ဖေါ့စ်ဖေါရပ်(ဖေါ့စ်စဖိတ်)၊ပိုတက်ရှ် အများဆုံးပါဝင်ချိန်တွင် ထယ်ထိုးမြေမြှုပ်၍ သစ်စိမ်းမြေ ဩဇာ မြေဆွေးဓာတ်ရရှိစေပြီး မြေအချဉ်အငံကိုလည်း ၎င်းသစ်စိမ်းမြေဆွေးဓါတ်က ထိန်းညှိပေးပါကြောင်း မြေကြီးရုပ် ဂုဏ်သတ္တိပိုမိုကောင်းမွန်လာပါကြောင်း မြန်မာပြည်အောက်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသသည် နှစ်စဉ်မိုးရေချိန် လက်မ(၈၀)ခန့် ရွာသွန်းခဲ့မှုကြောင့် မြေဆီလွှာအပေါ်ယံ စိုက်ပျိုးမြေများမှာ အချဉ်ဓာတ်ရှိ မြေများဖြစ်ပေါ်စေပါသည်။ သို့ဖြစ်ပါ၍ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းခြင်းဖြင့် အပင်များစားသုံးရန် N.P.K အာဟာရဓာတ် ရရှိစေရုံမကပဲ မြေချဉ်မှု (PH အနိမ့်) ကိုလည်း မြှင့်တင်ပေးနိုင်ပြီး (၂)ပတ် အကြာတွင် စပါးစိုက်ပျိုးနိုင်ပါကြောင်း အသိပညာပေးပြောကြားပြီး တောင်သူဦးကံဌေး၊ ကွင်းအမှတ် (၈၁၅)၊ ဦးပိုင်အမှတ်(၃၆/၄)(၃.၁၈)ဧက၊ တောင်သူဦးတင်ရွှေ၊ ဦးပိုင်အမှတ် (၃၆/၂) (၃.၁၆)ဧကတွင် တောင်သူများ စိုက်ပျိုးထားသည့် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) များ ထည့်သွင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်