နတ်တလင်း ဇွန် ၂၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၉ နာရီက ရွှေကြာပင်အုပ်စု၊ ရုံးကုန်းကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးအောင်လွင်စန်းတို့မှ သစ်ပင်စိုက်ပျိုးပွဲတော်သို့တက်ရောက်လာကြသော မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ဆင့်ဌာနဆိုင်ရာများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဆရာ၊ဆရာမများနှင့်ကျောင်းသား၊ကျောင်းသူများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးအဖွဲ့ဝင်များ၊ ကျေးရွာသူ/ ကျေးရွာသားများ(၁၀၀)ဦးခန့်အား ပျိုးပင်များပေးအပ်ကာ တက်ရောက် လာကြသူများမှ ကျွန်း(၂၅၀)ပင်၊ မန်ဂျန်ရှား(၂၅၀)ပင်၊ စုစုပေါင်း သစ်ပင်(၅၀၀)ပင်ကို တပျော်တပါး စုပေါင်းစိုက်ပျိုးပေးခဲ့ကြသည်။
အဆိုပါသစ်ပင်စိုက်ပျိုးပွဲ၌ မြို့နယ်သစ်တောဦးစီးဌာနက “သက်ရှိလောကတည်မြဲဖို့ သစ်ပင်စိုက်ပျိုးထိန်းသိမ်းစို့၊ “သစ်ပင်စိုက်မှ အရိပ်ရ၏ ရိပ်ခိုနားနေအပန်းပြေ၏၊ တစ်စေ့မှတစ်ပင် တစ်ပင်မှတစ်တော တစ်တောမှတစ်တောင် တို့စွမ်းဆောင်၊ သစ်ပင်စိုက်လျှင် တို့ပတ်ဝန်းကျင် စိမ်းစိုလှပ ကြည်နူးရ၏ စသည့် ဆောင်ပုဒ်များဖြင့် စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ ဆက်)