ညောင်တုန်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ညောင်တုန်း ဇွန် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရာမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက မြို့မဈေး၊ ကားဂိတ်၊ ဆိုင်ကယ်ဂိတ်နှင့် လူစည်ကားရာနေရာများတွင် ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးအန္တရာယ် အမျိုးသားရေးအသွင်တိုက်ဖျက်၊ မူးယစ်ဆေး သုံးစွဲခြင်း၏ အကြောင်းအရင်း၊ မူးယစ်ဆေးဝါး တို့ရှောင်ရှား၊ အမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ၊ မဟာဗျူဟာ (၂)ရပ်၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များ စသည့်‌ ဆောင်းပါးများ၊ ဆောင်ပုဒ်များ၊ ကဗျာများ၊ ကာတွန်းများဖြင့် ပြည့်ပြည့်စုံစုံ အသိပညာပေးဖော်ပြထားကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်ဆက်)