ဒိုက်ဦးမြို့နယ်တွင် ကိုဗစ်−၁၉ ဆိုင်ရာ အသိပညာပေးရုပ်ပုံများ မြေစိုက်ဘုတ်တွင်ပြသ

ဒိုက်ဦး  အောက်တိုဘာ ၉

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန    မြေစိုက် ဘုတ်တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်တားဆီးနိုင်ရေးအတွက် ရောဂါ ဖြစ်ပွားမှုနှင့်ပတ်သက်သည့် အသိပညာပေး လုပ်ငန်းများကို မိဘပြည်သူ များသိရှိ စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ရုံးရှေ့မြေစိုက်ဘုတ်တွင် ကပ်ထားပြသ လျက်ရှိကြောင်း သိရသည်။

အဆိုပါမြေစိုက်နံရံကပ်စာစောင်တွင် မီဒီယာနှင့် သတင်းအချက်အလက်များသိရှိ    နားလည်မှု ရှိသော မိဘအုပ်ထိန်းမှု အတတ်ပညာနှင့် ကျန်းမာရေးဆိုင်ရာနည်းလမ်းများ၊ ကိုဗစ်−၁၉ ရောဂါ ဆိုင်ရာ အချက်အလက်နှင့် ထင်မြင်ယူဆချက်များ၊ လူမှုမီဒီယာပေါ်တွင်ဘေးကင်း လုံခြုံမှု အကြောင်း ဆွေးနွေးရာတွင်ဆောင်ရန်၊ ရှောင်ရန်အချက်များ ၊ သတင်းခွဲခြမ်းစိတ်ဖြာမှုနှင့် ထင်မြင်ယူဆချက်များ စသည့်အကြောင်းအရာများပါဝင်သော UNESCO မှပေးပို့လာသော ကိုဗစ်−၁၉ ကူးစက်ဖြစ်ပွားမှုများနှင့် ပတ်သက်သည့် အသိပညာပေးရုပ်ပုံ (၁၈)ပုံကို ပြည်သူများသိရှိလေ့လာနိုင်ပြီး လိုက်နာဆောင်ရွက်ရန် စေရန်ပြသဆောင်ရွက်ခဲ့သည်။

ထို့ပြင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးစာစောင်များကိုလည်း မိဘပြည်သူများ သိရှိလေ့လာ နိုင်စေရန်အတွက် မြေစိုက်ဘုတ်တွင် ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန်းသန်းဝင်း (ပြန်/ဆက်)