ရေစကြိုမြို့နယ်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ဆောင်ရွက်

ရေစကြို ဇွန် ၂၆

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့ တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုများ တိုက်ဖျက်ရေးအထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး Talk Show ဆောင်ရွက် ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရေစကြိုမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးမျိုးမြင့်အောင်က မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းများကို အများပြည်သူတို့ ကျယ်ကျယ်ပြန့် ပြန့်သိရှိနိုင်စေရေးအတွက် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ကို ကျင်းပပြုလုပ် ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်းပြောကြားပြီး၊ ဆက်လက်ပြီး ဒုတိယဦးစီးမှူး ဦးသန်းမြင့်က မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းရာ ဦးစီးအရာရှိ ဦးမျိုးမြင့်အောင်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုများ တိုက်ဖျက်ရေးနေ့ဖြစ်ပေါ်လာပုံများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများနှင့် လူ့ပတ်ဝန်းကျင်တွင် လက်တွေ့ကြုံခဲ့ရသည့် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် အသက်အန္တရာယ်ဆုံးရှုံးမှုများကို သာဓကပြပြောဆို အသိပညာပေးဆွေးနွေးပြီး မူးယစ်ဆေးဝါးအန္တရာယ်ကို တစ်မျိုးသားလုံးက အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ပူးပေါင်းပါဝင်ကာကွယ်ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

မောင်လုလင် (ရေစကြို)