ကျောက်ကြီး ဇွန်လ ၂၆
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများမှ မိခင်နှင့်ကလေးကျန်းမာရေးဌာန(MCH)တွင် ကိုယ်ဝန်ဆောင် မေးခိုင်ရောဂါကာကွယ်ဆေးထိုးလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါကာကွယ်ဆေးထိုးလုပ်ငန်းအား ကိုယ်ဝန်ဆောင်မိခင် မေးခိုင် ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ပေါင်ချိန်ခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ကိုယ်ဝန်သန္ဓေသားမှန်ကန်မှုရှိ မရှိစစ်ဆေးပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များ ဆောင်ရန် ရှောင်ရန်များကို ပြောကြားခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များမွေးဖွားရာတွင် အခက်အခဲမရှိစေနိုင်ရန် သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာများအလိုက် တာဝန်ထမ်းဆောင်နေသည့် သားဖွားဆရာမများနှင့် ချိတ်ဆက်ထားရန်လိုကြောင်းနှင့် အပတ်စဥ် ကျန်းမာရေးဌာနသို့ လာရောက်ပြသစစ်ဆေးမှု လုပ်ဆောင်ရန်လိုကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၏ ပြောကြားချက်အရ သိရသည်။
မြို့နယ် (ပြန်/ ဆက်)