ပြည်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စုအချို့၌ နေအိမ်များ အမိုးလန် ပျက်စီး

ပြည် အောက်တိုဘာ  ၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် အောက်တိုဘာလ(၈) ရက်နေ့၊ ညနေ (၁၇:၃၀ ) နာရီ အချိန်ခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ အမိုးလန်၊ သစ်ပင်ပိပြိုလဲမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုများကြောင့် ပြည်မြို့နယ်၊ မှော်ဇာအုပ်စု၊ ကြို့ပင်ကျေးရွာရှိ ဒေါ်အေးသန်း၏ အမိုးလန် နေအိမ် (၁) လုံး၊ နှောကန်အုပ်စု၊ သဲကော ကျေးရွာရှိ ဦးဝင်းကျော်စိုး၏ နေအိမ်(၁) လုံး သစ်ပင်ပိ၍ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ပြီး၊ ဝက်ထီးကန်ကျေးရွာ အုပ်စုတွင် အမိုးလန်နေအိမ် (၄) လုံး၊ သစ်ပင်ပိ တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ် (၁) လုံး၊ မှုတ်ရှည် အုပ်စုတွင် အမိုးလန်နေအိမ် (၁) လုံး၊ သဘာဝတရားရိပ်သာ ဘုန်းတော်ကြီး ကျောင်းဆောင် (၁) လုံး၊ သစ်ပင်ပိနေအိမ်(၁) လုံး တစ်စိတ်တစ်ပိုင်း ပျက်စီးမှု ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်သည့်နေရာနှင့် သစ်ပင်ပြိုလဲသည့် နေရာသို့ သက်ဆိုင်ရာ တာဝန်ရှိ သူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့တို့မှ လိုအပ်သည်များအား ဝို်ငးဝန်းကူညီ ဆောင်ရွက် ပေးလျက်ရှိပြီး လေပြင်းတိုက်ခတ်မှုကြောင့် အခြားလူနှင့် တိရိစ္ဆာန် ထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

ခရိုင်ပြန်/ဆက်