ညောင်လေးပင်တွင် ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေးရုပ်ပုံများ မြေစိုက်ဘုတ်တွင်ပြသ    

ညောင်လေးပင် အောက်တိုဘာ ၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြေစိုက်နံရံကပ်ဘုတ်တွင်ကိုဗစ်၁၉ဆိုင်ရာအသိပညာပေးရုပ်ပုံများအား ပြည်သူများ အသိပညာဗဟုသုတ ရရှိနိုင်ရေး သိရှိလေ့လာနိုင်ရန်အတွက် အောက်တိုဘာ ၉ ရက်နေ့ နံနက်ပိုင်းက စတင်၍ပြသပေးထားကြောင်းသိရှိရသည်။

အဆိုပါပြဘုတ်တွင် အချက်အလက်နှင့် ထင်မြင်ယူဆချက်တို့ကို ခွဲခြားဖို့ခက်နေပါသလား၊ သတင်း တင်ဆက်ချက်များထဲမှဓမ္မဓိဌာန်သတင်းအချက်အလက်များနှင့် ပုဂ္ဂလဓိဌာန် သတင်း အချက်အလက်များ၊ အချက်အလက်နှင့် ထင်မြင်ယူဆချက်၊ သတင်းတွင် အသုံးပြုသော စကားအသုံးအနှုန်းပိုင်းကိုသတိထားကြည့်ရှုပါ၊ သတင်းခွဲခြမ်းစိတ်ဖြာမှုနှင့်ထင်မြင်ယူဆချက်များ၊ကလေးသူငယ်၊လူငယ်နှင့်လူမှုမီဒီယာအသုံးပြုမှုသဘောတူညီမှု တစ်ရပ်ပြုလုပ်ပါ၊ လူမှုမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှုအကြောင်း ဆွေးနွေးရာတွင် ဆောင်ရန်နှင့်ရှောင်ရန်များ၊ သတင်းအချက်အလက်များက မည်သို့ဆက်စပ် အရေးပါကြောင်း ကလေးများနှင့်အတူ ဆွေးနွေးပါ၊ မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာဆိုသည်မှာ အဘယ်နည်း၊ သင်သည် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းသူ ဖြစ်ပါသလား၊ သမိုင်းဝင်တည်နေရာများကိုပုံရိပ်ယောင်နည်းပညာဖြင့်  သွားရောက် လေ့လာရာဝယ်၊ မီဒီယာနှင့်သတင်းအချက်အလက်သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာနှင့် ကြော်ငြာများ/လုပ်ကြံသတင်းများ/ ကျန်းမာရေး၊ ကလေးများနှင့်အတူ စာဖတ်ပါ၊ မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုရှိသောမိဘ/အုပ်ထိန်းမှု အတတ်ပညာ နည်းလမ်းများ၊ ရုပ်ရှင်အတူ ကြည့်ပါ၊ကလေးများနှင့်အတူ သတင်းကြည့်ရာဝယ်စသည့် ခေါင်းစဉ် (၁၈)ခု ဖြင့် လေ့လာမှတ်သားဖွယ်ရာဗဟုသုတမျိုးစုံပါရှိသည့် ရုပ်ပုံများအား ပြသထားကြောင်း သိရသည်။

သက်လွင် (ညောင်လေးပင်)