ကော့သောင်းမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်သတင်း စကားလက်ကမ်းစာစောင်များဖြန့်ဝေ

ကော့သောင်း  ဇွန် ၂၆

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်၊ကော့သောင်းမြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲ သုံးမှုနှင့်  တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်   သတင်းစကားလက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်း ပိတောက်ရွှေဝါရပ်ကွက်၊ အ-ထ-ကခွဲအ-လ-က(၂) ကျောင်းတွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏  ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁)၌ ပြောကြားခဲ့သည့်အမှာစကား ကောက်နုတ်ချက်၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ၊ ကျောင်းသားလူငယ်များ သိရှိ လိုက်နာသင့်သည့်အချက်များ၊ မူးယစ်ဆေးဝါးအန္တရာယ်အမျိုးသားရေးအသွင်တိုက်ဖျက်၊ မူးယစ် ဆေးသုံးစွဲရခြင်းအကြောင်းအရင်း၊ မူးယစ်ဆေးဝါးတို့ရှောင်ရှားကဗျာနှင့် ကာတွန်းများ စသည့် အကြောင်းအရာများပါဝင်ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)